ပဲခူး စက်တင်ဘာ ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ပိုင်းက တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာရှိ ဓမ္မာရုံ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က တောင်သူများအား သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဝယ်ယူ၊ စုပေါင်းရောင်းချခြင်းသည် ကုန်ကျစရိတ်သက်သာမည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ သွင်းအားစု အချိုးအစား မှန်ကန်စွာ ထည့်သွင်းနိုင်မည့် နည်းပညာရယူ၍ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် စပါး အထွက်နှုန်းတိုးမြှင့်ကာ တောင်သူများ အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ပါကြောင်း၊ အသင်းသားထဲမှ စိုက်ပျိုးရေးကြီးကြပ်မှု တာဝန်ခံတစ်ဦးအား တာဝန်ပေးအပ်ရန်နှင့် လုပ်ငန်းအောင်မြင်စေရန် အတွက် အသင်းသားများမှလည်း ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ တိုးတက်အောင် စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ ကွင်းအမှတ် (၅၂၇-ခ)တွင်ရှိသော လယ်ယာမြေဧက ၁၀၀ ပေါ်တွင် တောင်သူ ၁၈ ဦးမှ စိုက်ပျိုးထားသည့် မှော်ဘီ၂ စပါးမျိုး နှစ်လသားအရွယ် အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုသည်။ တောင်သူများ တင်ပြချက်များအပေါ် နွေစပါး၊ မိုးစပါး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မိမိတို့၏ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည် နှစ်ဆတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် သွင်းအားစုများ အချိန်ကိုက်မှန်ကန်စွာ သုံးစွဲနိုင်ရေး၊ ပိုးမွှားအန္တရာယ် ကျရောက်မှုမရှိစေရေး ကြိုတင်သတိပြုရန်နှင့် လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်