ပြည် စက်တင်ဘာ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပြည်မြို့နယ်အတွင်းရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်းတံတား ဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်မြို့နယ် တီတွဒ်-သောကြမ္မာလမ်း ကွန်ကရစ်ခင်းခြင်း၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နှောကုန်း-ပေါင်းတမော့လမ်းပေါ်ရှိ ကွန်ကရစ်တံတား(ချဉ်းကပ်လမ်းအပါ) တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး အရည်အသွေးပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်