ပြင်ဦးလွင် စက်တင်ဘာ ၁၁
ပြင်ဦးလွင်မြို့နယ်၌ Ever Ready Company က တင်ဒါအောင်မြင် တာဝန်ယူဆောင်ရွက်လျက်ရှိသော ပိန္နဲကုန်း(မ)-ရွှေမြင်သာ-ညောင်နီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းက ကြည့်ရှုစစ်ဆေးသည်။
အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ သုံးရွာရှိ ဒေသခံပြည်သူ ၂၅၀၀ ကျော်၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်