မိုင်းဖြတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလွင်တို့က စက်တင်ဘာ ၁၀ ရက်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ဝမ်မိုင်-ပါပူး ကတ္တရာခင်းခြင်း(၀/၂.၅)မိုင်ကို လည်းကောင်း၊ မိုင်းဖြတ်- ပါညု (၀/၁.၃)မိုင် ကွန်ကရစ်ခင်းခြင်းကို လည်းကောင်း၊ ပါလောင်းရွာ အဝင်လမ်း (၀/၂)မိုင် ကွန်ကရစ်ခင်းခြင်းကို လည်းကောင်း၊ ဟောင်ဟင်- နမ့်ကုန်း-အင်ပါကူလမ်း (၁/၂)မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို လည်းကောင်း ကွင်းဆင်းစစ်ဆေးရာ သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ရွှေကို(မိုင်းဖြတ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်