Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကိုင်မြို့နယ်အတွင်း ကျေးရွာသုံးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်း


21 Sep,2026

စဉ့်ကိုင် စက်တင်ဘာ ၁၈

            သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စဥ့်ကိုင်မြို့နယ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံး ငွေရင်းရန်ပုံငွေ ၂၅၅ ဒသမ ၃၂၀ သန်းဖြင့် ကင်းလပ် - မြောက်တောကြီး-တအုံ ကျေးရွာချင်းဆက်လမ်း အရှည်ပေ ၁၉၈၀၊ အကျယ် ၁၂ ပေ၊ ဒု ၇ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည် ခိုင်ခံ့စေရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် လမ်းဘေးဝဲယာရှိ လမ်းပခုံးများကိုလည်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သိပ်သည်းဆကောင်းမွန်စွာရရှိစေရန်အတွက် အထူးဂရုစိုက် ဆောင်ရွက်သွားရန်နှင့် လျာထားလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

           အဆိုပါ ကင်းလပ်- မြောက်တောကြီး- တအုံ ကျေးရွာချင်းဆက်လမ်းပြီးစီးပါက ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာပြီး လူနေမှုဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျော်စွာ(စဉ့်ကိုင်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်