Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်မြို့နယ် သမဝါယမအ‌သင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်သစ် ရွေးချယ်


21 Sep,2026

ပုသိမ် စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သမဝါယမအ‌သင်းစု လိမီတက်၏၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို တိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ် အစည်းအဝေးခန်းမ ပုသိမ်မြို့၌ ပြုလုပ်သည်။ 

အစည်းအဝေးတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေနှင့် ပုသိမ်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိတို့က အမှာစကားပြောကြားခဲ့ သည်။ ဆက်လက်၍ အသင်းအမှုဆောင်များမှ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်းခဲ့ပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သဘာပတိအဖြစ် ဆောင်ရွက်၍ အမှုဆောင်အသစ်များကို ဥပဒေနှင့်အညီရွေးချယ်ခဲ့ကာ အဆိုပါအစည်းအဝေးသို့ အသင်းဝင်ကိုယ်စားလှယ် ၅၇ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်