အိမ်မဲ စက်တင်ဘာ ၂၁
ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံမြို့နယ်သမဝါယမအသင်းစုလီမီတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်အမှုဆောင်သစ်ရွေးချယ်ပွဲကို ဖျာပုံမြို့နယ် သမဝါယမအသင်းစုရုံး၌ ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်ထွန်းနှင့် အသင်းစုချုပ်ဥက္ကဌဦးကြည်လင်တို့က အမှာစကားပြောကြားခဲ့ပြီး အသင်းအမှုဆောင်များမှ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင်သစ်များကိုဥပဒေနှင့်အညီရွေးချယ်ကာ ၎င်းအစည်းအဝေးသို့ အသင်း ၁၂၃ သင်း၏ အသင်းဝင် ကိုယ်စားလှယ် ၇၂ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်