ချမ်းမြသာစည် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ် ရွေးချယ် တင်မြှောက်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်က လမ်းညွှန်အမှာစကားနှင့် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် အတွင်းရေးမှူး ဦးသိန်းမြင့်၊ ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးချစ်ခင်တို့က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က လုပ်ငန်းဆိုင်ရာများ ဆွေးနွေးတင်ပြခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းများ ဖတ်ကြားခြင်း၊ မြို့နယ် သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာများ၊ အသင်း၏စည်းမျဉ်းစည်းကမ်းများ အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ခြင်းကိုကျင်းပရာ အသင်းဝင်တစ်ဦးက အဆိုပြုပြီး အသင်းသားနှစ်ဦးက ထောက်ခံခြင်းစနစ်ဖြင့်ရွေးချယ်ခဲ့ပြီး အသင်းအမှုဆောင်နှင့် အသင်း စာရင်းစစ်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူကာ အသင်းဥက္ကဋ္ဌအသစ်က မိတ်ဆက် စကားပြောကြားပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်) (၀၆၉)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်