Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ် သမဝါယမအသင်းစုလီမိတက်အနေဖြင့် စီးပွားရေးလုပ်ငန်းခွဲပေါင်း (၆)ခုဖြင့် လုပ်ငန်းများအောင်မြင်အောင် လှည့်လည်ဆောင်ရွက်လျက်ရှိ


21 Sep,2026

မြစ်ကြီးနား စက်တင်ဘာ ၂၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ အခြေခံ သမဝါယမအသင်းပေါင်း (၁၃၉)သင်းရှိပြီး အစုထည့်ဝင်ငွေပေါင်းကျပ်(၁၁၈၆၅၀၀၀/-)ဖြင့် စီးပွားရေး လုပ်ငန်းခွဲပေါင်း(၆)ခုတို့အား လှည့်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ကချင်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမြင့်က အမှာစကားပြောခြင်း၊အမှုဆောင်များက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ အခြေခံသမဝါယအသင်းများ၏ ကိုယ်စားလှယ်များက အကြုံပြုဆွေးနွေး ခြင်းများနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ အတည်ပြုခြင်းတို့ ဆောင်ရွက်ခြင်းနှင့် သမဝါယမ အသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့်အညီ အမှုဆောင်အဖွဲ့များ ရွေးချယ်ပြန်လည်ဖွဲ့စည်းခြင်း တို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် အသင်းအနေဖြင့် အခြေခံသမဝါယမအသင်းများ အချင်းချင်းပံ့ပိုးချေးငွေများ ဆက်လက်ပံ့ပိုးနိုင်ရေး၊ လိုအပ်သော စက်ကိရိယာအမျိုးမျိုးနှင့် စိုက်ပျိုးရေးသွင်းအားစု လုပ်ငန်း များဖြင့် လိုအပ်သောသွင်းအားစုအမျိုးမျိုး ပံ့ပိုးပေးနိုင်ရေးစသည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ် နိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

ကချင်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်