အိမ်မဲ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အိမ်မဲမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။
ဦးစွာ သဘာပတိ ဦးဇော်မင်းဦးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်သမဝါယမဦးစီးအရာရှိတို့က အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးလို သည်များကို ဆွေးနွေးအကြံပြုခဲ့ကြပြီး ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံ စာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများအား အတည်ပြုချက်ရယူခဲ့ကြသည်။
ဆက်လက်၍ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်အဖွဲ့ ရွေးချယ်ခြင်းတို့ ဆောင်ရွက်ပြီး အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်