ပြင်ဦးလွင် စက်တင်ဘာ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ညောင်နီ-ပိန္နဲကုန်း(တ)လမ်းမှ အင်းကြီးလမ်း(၀/၅)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ပိန္နဲကုန်း(မ)-ရွှေမြင်သာ-ညောင်နီလမ်း(၀/၂)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ယမန်နေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံရေး)က ကွင်းဆင်းစစ်ဆေးကာ အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးဆောင်ရွက်ရန် လမ်းညွှန် မှာကြားသည်။
အဆိုပါလမ်းပိုင်းများ ဆောင်ရွက်ပြီးပါက ကျေးရွာလေးရွာရှိ လူဦးရေ ၂၇၈၀ ကျော်၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်