Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောင်းမြမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကျင်းပ


22 Sep,2026

မြောင်းမြ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ယမန်နေ့က မြောင်းမြမြို့နယ် သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ်ရာ မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးအစီရင်ခံစာတို့ကိုတင်ပြခြင်း၊ အသင်းစာရင်းစစ် အစီရင်ခံစာကို ဖတ်ကြားတင်ပြခြင်း၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ရှေ့လုပ်ငန်းစဉ်များ မှတ်တမ်းတင်ခြင်း၊ အတည်ပြုချက်ရယူခြင်းခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့အား ဆောင်ရွက်ကြသည်။

ထို့နောက် အသင်းစု၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်များ ရွေးချယ်ခြင်း၊ ကတိ သစ္စာခံယူခြင်း၊ ရွေးချယ်ခံရသည့် အသင်းစုဥက္ကဋ္ဌအသစ်က မိတ်ဆက်စကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်