Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်မြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်‌မြှောက်ခြင်းအခမ်းအနားကျင်းပ


22 Sep,2026

မအူပင် စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား ကို ယမန်နေ့က မြို့နယ်သမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ သဘာပတိ ဦးတင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်စင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု လီမိတက် ဒုတိယဥက္ကဋ္ဌနှင့် အသင်းသားစာရင်စစ်အဖွဲ့ခေါင်းဆောင်တို့က  ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းသားစာရင်းစစ် အစီရင်ခံစာတို့ကို ရှင်းလင်းဖတ်ကြားတင်ပြပြီး အတည်ပြုချက်များရယူ၍ အမှုဆောင်သစ် ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်း အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်ထွန်း၊ တိုင်းအသင်းစုချုပ်ဥက္ကဋ္ဌဦးကြည်လင်း၊ မအူပင်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးသန့်စင်နှင့် ဝန်ထမ်းများ၊ မအူပင်မြို့နယ်သမဝါယမအသင်းစုလီမီတက်ဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်