Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


22 Sep,2026

မင်းဘူးမြို့နယ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

**********************************************
မင်းဘူး စက်တင်ဘာ ၂၂  
         
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မ‌ ကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ (ပြည်ထောင်စု+တိုင်းဒေသကြီး)ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုများကို စက်တင်ဘာ ၂၁ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်၊ မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်‌ရွှေစင်ဦးနှင့် တာဝန်ရှိသူများက မင်းဘူးမြို့နယ်အတွင်း ကုလားပါး- ကျောက်စံလမ်း အရှည် ၃ ဒသမ ၁၆ဖာလုံ၊ အကျယ် ၁၄ ပေ၊ ထု ခုနှစ်လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ခြင်ထောင်- ကျောက်စံလမ်း အရှည် ၃ ဒသမ ၈၅ဖာလုံ၊ အကျယ် ၁၄ ပေ၊ ထု ခုနှစ်လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ကျွဲတဲကျေးရွာအဝင် လမ်းအရှည် သုံးဖာလုံ၊ အကျယ် ၁၄ ပေ၊ ထု ခုနှစ်လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်‌ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူး(မြို့ပြ)က တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။
       အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ (ပြည်ထောင်စု+တိုင်းဒေသကြီး)ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၂၀၉ ဒသမ ၃၁၉သန်းဖြင့် ဌာန+ကုမ္ပဏီမှ ယခုနှစ်၊ ဇူလိုင် ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၅ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
 
ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်