ဇလွန် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှု့ဆောင်သစ်ရွှေးချယ် တင်မြှောက်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သဘာပတိအသင်းဥက္ကဋ္ဌ ဦးစောဝင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်စိုးအေးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး လုပ်ငန်းအစီရင်ခံစာ၊ အသင်းသားစာရင်းစစ် အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများအားဖတ်ကြားပြီး မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ရှေးလုပ်ငန်းစဉ်များ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ အမှု့ဆောင်သစ် ရွှေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က အမှာစကားပြောကြား၍ တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များက အသင်းစု၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်တို့ကို ရွှေးချယ်ခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ ဇလွန်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်