Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာ၌ RBF စီမံကိန်းဖြင့် မျိုးကောင်းမျိုးသန့်ဒေသနွား(နို့ပေးနွားမ) မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး


22 Sep,2026

ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာ၌ RBF စီမံကိန်းဖြင့် မျိုးကောင်းမျိုးသန့်ဒေသနွား(နို့ပေးနွားမ) မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး

‎************************************************************************

‎ကျောက်ဆည်       စက်တင်ဘာ        ၂၂

‎‎သမဝါယမနှင့်ကျေးလက်‌ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဟံမြင့်မိုရ်ကျေးရွာ၌ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းဖြင့် ‌မျိုးကောင်းမျိုးသန့်ဒေသနွား (နို့ပေးနွားမ)မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိ သူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်ဆုအောင်နှင့် ဝန်ထမ်းများက စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ဟံမြင့်မိုရ် ကျေးရွာ၌ အစုအဖွဲ့စနစ်ဖြင့် မျိုးကောင်းမျိုးသန့်ဒေသနွား(နို့ပေးနွားမ)မွေးမြူရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက RBF စီမံကိန်း အသင်းသား၊ အသင်းသူများ နှင့် တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း ရန်ပုံငွေ ကျပ်သိန်းသုံးရာအား အစုအဖွဲ့စနစ်ဖြင့် နို့စားနွား မွေးမြူးရေးလုပ်ငန်းဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအဖွဲ့ ၄ ဖွဲ့ကို တစ်ဖွဲ့လျှင် စီမံကိန်းရန်ပုံငွေ ကျပ် ၇၅ သိန်းစီ ထေက်ပံ့ပေးထားကြောင်း၊ အဆိုပါရန်ပုံငွေများဖြင့် မျိုးကောင်းမျိုးသန့်ဒေသနွား (နို့ပေးနွားမ) ၂၂ ကောင် မွေးမြူခဲ့ရာ ယခုအခါ ၂၇ ကောင်အထိတိုးပွားလာ၍ နွားမ ၅ ကောင် တိုးပွားလာကြောင်း၊ နို့စားနွားအကောင်ရေ တိုးပွားလာခြင်းနှင့်အတူ နို့ထွက်ပစ္စည်းမှ ရရှိသည့် ဝင်ငွေများကိုလည်း လုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်ခြင်း၊ စီမံကိန်း အစုအဖွဲ့ဝင်များ၏ မိသားစု ဝင်ငွေ တိုးတက်လာခြင်းနှင့် ရေရှည်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဆက်လက်လုပ်ကိုင်နိုင်ရန် အထောက်အကူဖြစ်စေလျက်ရှိကြောင်း ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်