Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာကေတမြို့နယ် မြို့နယ်သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာစည်းဝေးနှင့် ဒါရိုက်တာအဖွဲ့သစ်ရွေးချယ်တင်မြှောက်


22 Sep,2026

သာကေတ စက်တင်ဘာ ၂၂

သာကေတမြို့နယ် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းဝေးနှင့် ဒါရိုက်တာအဖွဲ့ဝင်အသစ်များ ပြန်လည်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယမန်နေ့က သာကေတမြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။

ဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလှကြည်မှ သဘာပတိအဖြစ်‌​ဆောင်ရွက်၍ အဖွင့် အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ညွန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့မှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ ချပြရှင်းလင်း၍ အတည်ပြုချက်များရယူကာ အစုပေါ်အမြတ်ငွေ ၈၂ သိန်းနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများကို တိုင်းဦးစီးမှူး ဒေါ်ဥမ္မာမြင့်နှင့် မြို့နယ်ဦးစီး အရာရှိ ဒေါ်သီတာဦး တို့က ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အရ တိုင်းဒေသကြီးဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဦးစီးမှူး ရှေ့မှောက်တွင် ဒါရိုက်တာအဖွဲ့ဝင်သစ်များ ရွေးချယ်တင်မြှောက်ပြီး တာဝန်ခွဲဝေခြင်း ကတိသစ္စာ ခံယူ ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်