Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်း များ၏ စာမေးပွဲများ စစ်ဆေးပြီးစီး


24 Sep,2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ် (ဒုတိယနှစ်ဝက်)သင်တန်းများ၏ ကွန်ပျူတာဘာသာရပ် လက်တွေ့စစ်ဆေးခြင်းကို ၁၄-၉-၂၀၂၆ ရက်နေ့မှ ၁၇-၉-၂၀၂၆ ရက်နေ့အထိလည်းကောင်း၊  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်သင်တန်းများ၏ ဒုတိယနှစ်ဝက်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဘွဲ့လွန်သင်တန်းများ၏ ပထမနှစ်ဝက် ရေးဖြေ စာမေးပွဲများကို ၁၄-၉-၂၀၂၆ ရက်နေ့မှ ၂၄-၉-၂၀၂၆ ရက်နေ့အထိလည်းကောင်း စစ်ဆေးခဲ့ရာ စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း ဦးဆောင်သည့် စာမေးပွဲစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေး ခဲ့ကြပြီး စာမေးပွဲများကို စာမေးပွဲကျင်းပရေးစီမံချက်နှင့်အညီ စနစ်တကျ အဆင်ပြေချောမွေ့စွာ စစ်ဆေးပြီးစီးကြောင်းနှင့် မေဂျာ(၅)ခုမှ အထူးပြုဘာသာရပ်အလိုက် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူ (၅၃၁)ဦးအား ဘွဲ့ကြိုနောက်ဆုံးနှစ်စာတမ်း နှုတ်ဖြေစစ်ဆေးခြင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်