Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်ရှိ မြစ်သား-စံပ္ပာယ်တောလမ်း ကတ္တရာခင်း


24 Sep,2026

ကျောက်ဆည် စက်တင်ဘာ ၂၂

         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး ငွေလုံး ငွေရင်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ မြစ်သား-စံပ္ပာယ်တောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့က ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများသည် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါလမ်းသည် ကျေးရွာပေါင်း ရှစ်ရွာ၊ အိမ်ခြေ ၃၇၉၈ အိမ်၊ လူဦးရေ ၁၈၆၃၀ ကျော် အသုံးပြုသွားလာလျက်ရှိပြီး လုပ်ငန်းများပြီးစီးပါက သွားလာရေး ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်