Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လေးမျက်နှာနှင့် ဟင်္သာတမြို့နယ်ရှိ ရေနစ်မြုပ်သည့် ကျေးလက်လမ်း/တံတားများ ကြည့်ရှုစစ်ဆေး


25 Sep,2026

ဟင်္သာတ စက်တင်ဘာ ၂၄

        ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်များရှိ ရေနစ်မြုပ်လျက်ရှိသော ကျေးလက်လမ်း/တံတားများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် ကြည့်ရှုစစ်ဆေးသည်။

      ထိုသို့စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်လူနှင့် တာဝန်ရှိသူများက ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်များရှိ ရေနစ်မြုပ်လျက်ရှိသော ကျေးလက်လမ်း/တံတားများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်