Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်မြေသာစံမြို့နယ် သမဝါယမအသင်းစုနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်


25 Sep,2026

အောင်မြေသာစံ စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။

ရှေးဦးစွာ သဘာပတိက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ တို့က အမှာစကားပြောကြားကြကာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးတင်ပြသည်။ ထို့‌နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ် သမဝါယမအသင်းစု အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ပြင်ဆင်သတ်မှတ်မည့် အသင်းစည်းကမ်းများအား ဖတ်ကြားတင်သွင်းခြင်း၊ အသင်းစာရင်းစစ် အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမြတ်ခွဲဝေမှုစာရင်းများ ဖတ်ကြား တင်သွင်းခြင်း၊ အတည်ပြုချက်ရယူခြင်း၊ တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်ကြီးများက မေးမြန်းအကြံပြုဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် သဘာပတိက အသင်းဝင်အသင်းများသို့ အစုပေါ်အမြတ်ငွေများ ပေးအပ်ခြင်း၊ အခြေခံသမဝါယမအသင်းများမှ အသင်းသားများ၏ သားသမီးများထဲတွင် တက္ကသိုလ်ဝင်တန်း ထူးချွန်ခွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ အမှုဆောင်ထောက်ပံ့ကြေးမယူဘဲ မြို့နယ် သမဝါယမအသင်းစု၏လုပ်ငန်းများအား စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သော အမှုဆောင် ၂ ဦးအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပြီး အမှုဆောင်အဖွဲ့အသစ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များကို ရွေးချယ်တင် မြှောက်ခဲ့ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်