ကန်ကြီးထောင့် စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော (ကံကုန်း-မြောင်းမြ) လမ်းမှ ခရောင်းကွင်း-ပုလဲကူး-ပေပင်စာဖြူစုလမ်း ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၂ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရန်နှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန် မှာကြားသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၀ ရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာနိုင်မည်ဖြစ်သည်။
ကျော်ဇင်စိုး (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်