Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်လောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု


25 Sep,2026

ပင်လောင်း စက်တင်ဘာ ၂၄

       ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေများဖြင့် ကျေးလက်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းနှင့် မြေသားလမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

       ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၂၄ ဒသမ ၂၂၆ သန်းဖြင့် နောင်တရား-ခြမ်း-ဆောင်းရွေး- ကြာပူ-ငိုလလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း၊ ပြည်နယ် ရန်ပုံငွေကျပ် ၁၁၄ သန်းဖြင့် သံတဲ-ဘုရားပေါ်-မြေနီကုန်းလမ်းပေါ်ရှိ ပေ ၄၀ တံတား (ဒုတိယပိုင်း) တည်ဆောက်ခြင်းလုပ်ငန်း၊ ပြည်နယ်ရန်ပုံငွေကျပ် ၁၉၄ ဒသမ ၃၈၆ သန်းဖြင့် နောင်ယော-တပူ ကျေးရွာချင်းဆက် မြေသားလမ်းချဲ့ခြင်းလုပ်ငန်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်