Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောင်းဆုံမြို့နယ် မုရစ်ကြီး-ဇီးကုန်းကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်


25 Sep,2026

ချောင်းဆုံ စက်တင်ဘာ ၂၄

        ချောင်းဆုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မုရစ်ကြီး-ဇီးကုန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ဒုတိယပတ်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ မွန်ပြည်နယ်တာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

            ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မွန်ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာချင်းဆက်လမ်း အရှည် လေးဖာလုံ၊ အကျယ် ၁၂ ပေ ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်