Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်သမဝါယမအသင်းစု၏ နှစ်ပတ်လည်အစည်းဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်


25 Sep,2026

မြစ်သား  စက်တင်ဘာ  ၂၅

မန္တ​လေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ပွဲ အခမ်း အနား ကို ယမန်နေ့နံနက်ပိုင်းက မြစ်သားမြို့အနော်ရထာခန်းမ၌ ကျင်းပသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့်    တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင် ဦးဟန်တို့ က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းက လုပ်ငန်းဆိုင်ရာများဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့က ဘဏ္ဍာရေး ရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းများ၊ လုပ်ငန်းအစီရင်ခံစာနှင့်‌ ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်း စစ်အစီရင်ခံစာနှင့် အသင်း၏စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမှုဆောင်ဒါရိုက်တာအဖွဲ့ရွေးချယ်ခြင်းကိုကျင်းပရာ အသင်းဝင်တစ်ဦးက အဆိုပြုပြီး အသင်းသားနှစ်ဦးကထောက်ခံခြင်းစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး အသင်းအမှုဆောင်နှင့် အသင်း စာရင်းစစ်များက သဘာပတိရှေ့မှောက်တွင်ကတိသစ္စာခံယူကာ အသင်းဥက္ကဋ္ဌအသစ်က မိတ်ဆက် စကားပြောကြားပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်