Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာချင်းဆက်လမ်းပေါ်၌ Box Culvert တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်


28 Sep,2026

ဝိုင်းမော် စက်တင်ဘာ ၂၆

              ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ကျေးရွာချင်းဆက်လမ်းပေါ်၌ Box Culvert တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို စက်တင်ဘာလ ၂၅ ရက်က ကချင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မခေါယန်ကျေးရွာ၊ မခေါဒီကျေးရွာ၊ လဘန်ကျေးရွာနှင့် နောင်ချိန်းကျေးရွာတို့ကိုဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် လမ်းပေါ်၌ Box Culvert တံတား တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

           Box Culvert တံတားတည် ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုငွေဖြင့် ဝိုင်းမော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက တာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာမည့်အပြင် ဒေသထွက်ကုန်များကို ဈေးကွက်သို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ချမ်းမြေ့


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်