Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်


09 Oct,2026

တောင်ငူ အောက်တိုဘာ ၄

       ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ)၊ တောင်ငူခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် တာဝန်ရှိသူများသည် တောင်ငူမြို့နယ် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ကံရိုး-ကောင်းမှုတော်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများက အဆိုပါလမ်းအား ဆောလျင်စွာအသုံးပြုနိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ကိုကို(တောင်ငူ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်