Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပူတာအိုမြို့နယ်၌ ကျေးရွာချင်းဆက် သဲကျောက်လမ်း လုပ်ငန်းဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေး


09 Oct,2026

ပူတာအို အောက်တိုဘာ ၅

      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဌာနမှဆောင်ရွက်မည့် ပူတာအိုမြို့နယ် မာမဲ့ရှီးဒီနှင့် အောက်ဆန်ဂေါင် ကျေးရွာချင်းဆက်လမ်း ၁ မိုင် ၂ ဖာလုံ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ကချင်ပြည်နယ် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

        အဆိုပါကျေးရွာချင်းဆက်လမ်းသည် ယခင်က မြေသားလမ်းဖြစ်၍ မိုးတွင်းကာလများတွင် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ သွားလာရန် များစွာခက်ခဲကြောင်း၊ ၎င်းသဲကျောက်လမ်း ဆောင်ရွက်ပြီးစီးပါက မာမဲ့ရှီးဒီကျေးရွာနှင့် အောက်ဆန်ဂေါင်ကျေးရွာတို့မှ အိမ်ခြေ ၂၆၆ အိမ်၊ လူဦးရေ ၂၀၉၆ ဦး တို့အတွက် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာစေမည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းကဏ္ဍများ တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်