Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နမ့်စန်မြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


09 Oct,2026

နမ့်စန် အောက်တိုဘာ ၇

          နမ့်စန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၉၁၀ ဒသမ ၄၁သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်းလုပ်ငန်းများဆောင်ရွက်နေမှုကို အောက်တိုဘာ ၆ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

       ထိုသို့ စစ်ဆေးရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းဆွေနှင့် တာဝန်ရှိသူများက နမ့်စန်မြို့နယ်အတွင်း ကတ္တရာလမ်း နှစ်လမ်း၊ မြေသားလမ်း သုံးလမ်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ မှာကြားခဲ့သည်။

နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်