Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည်မြို့နယ်၌ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


09 Oct,2026

ရေကြည် အောက်တိုဘာ ၇

            ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကညင်ငူ - နွားရေတိုက်- ငါးတဲစုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

        ဦးစွာ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးသည် ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ကညင်ငူ- နွားရေတိုက် - ငါးတဲစုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရန်နှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန် မှာကြားသည်။

          အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၂၇ ရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုကိုဇော်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်