ကွန်ဟိန်း အောက်တိုဘာ ၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်အတွင်း ၂၀၂၆-. ၂၀၂၇ ဘဏ္ဍာနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စု၊ ပြည်နယ် ရန်ပုံငွေများဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောက်တိုဘာ ၆ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းဆွေ၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်သက်နိုင်၊ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ဝမ်ဟိန်း-ထမ်ငေါ့ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၁၈၉ ဒသမ ၀၆၅ သန်းဖြင့် စတင်ဆောင်ရွက်မည်ဖြစ်သည်။
ထို့အတူ တာဝန်ရှိသူများက ဆိုင်းခေါင် - ကုန်းဆ၁ - လုံယန်းကျေးရွာချင်းဆက် ကျောက်လမ်း အရှည်(၀/၄)မိုင်၊ အကျယ် ၁၆ ပေ၊ ထု ခြောက်လက်မ ကျောက်လမ်းခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ခွန်ရဲထွေး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်