မင်းဘူးမြို့နယ် ပိုက်သင်ခေတ်မီစံပြကျေးရွာ၌ RBF စီမံကိန်းဖြင့် နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
************************************************************************
မင်းဘူး ၊ အောက်တိုဘာ ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပိုက်သင်ခေတ်မီစံပြကျေးရွာ၌ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းဖြင့် နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြား ရေးမှူး ဒေါက်တာဇာနည်မင်း၊ ညွှန်ကြားရေးမှူး ဦးတင့်လွင်ဦး၊ မကွေးတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇောဟိန်းနှင့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက မင်းဘူးမြို့နယ် ပိုက်သင်ခေတ်မီစံပြကျေးရွာ၌ အစုအဖွဲ့စနစ်ဖြင့် နွားမွေးမြူရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးက RBF စီမံကိန်း အသင်းသား၊ အသင်းသူများ နှင့် တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း(RBF)စီမံကိန်း ရန်ပုံငွေ ကျပ်သိန်းသုံးရာအား အစုအဖွဲ့စနစ်ဖြင့် နွားမွေးမြူးရေးလုပ်ငန်း ဆောင်ရွက်သည့် သပြေ၊ ပိတောက်၊ တမာနှင့် သဇင် အသက်မွေးဝမ်းကျောင်းအဖွဲ့ ၄ ဖွဲ့ကို တစ်ဖွဲ့လျှင် စီမံကိန်းရန်ပုံငွေကျပ် ၇၅ သိန်းစီ ထုတ်ချေးပေးထားကြောင်း၊ အဆိုပါချေးငွေများနှင့် အစုအဖွဲ့မှထည့်ဝင်ငွေများဖြင့် ဒေသနွား အကောင်နှစ်ဆယ် မွေးမြူထားရှိပြီး စီမံကိန်းလုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်