Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎မကွေးမြို့နယ် ဘုရားပြို(တ)ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


12 Oct,2026

‎မကွေးမြို့နယ် ဘုရားပြို(တ)ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

‎******************************

‎မကွေး    အောက်တိုဘာ    ၁၂

‎မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘုရားပြို(တ)ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)ဖြင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြား ရေးမှူး ဒေါက်တာဇာနည်မင်း၊ ညွှန်ကြားရေးမှူး ဦးတင့်လွင်ဦး၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇောဟိန်းနှင့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဘုရားပြို(တ)ကျေးရွာ၌ အလျား ပေ ၆၀ အနံ ၃၆ ပေ အမြင့် ၁၂ ပေရှိသော ဘက်စုံသုံးခန်းမတည်ဆောက်နေမှုအခြေအနေကို ကြည့်ရှု စစ်ဆေးပြီး ညွှန်ကြားရေးမှူးက ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)ရန်ပုံငွေကျပ် ၄၉ ဒသမ ၇ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၅၆ ဒသမ ၆ သန်း၊ စုစုပေါင်း ကုန်ကျငွေကျပ် ၁၀၆ ဒသမ ၃ သန်းဖြင့် ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း၊ ခန်းမရှေ့ကွန်ကရစ် လမ်းခင်းခြင်း၊ ယင်လုံအိမ်သာတည်ဆောက်ခြင်း၊ IT Center အတွက် ၅၅ လက်မ Smart TV နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူခြင်း၊ အမှိုက်စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများ ဝယ်ယူခြင်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်