Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှအသင်းသားများအား အစုပေါ်အမြတ်ငွေနှင့် စုဆောင်းငွေပေါ်အတိုးငွေများပေးအပ်ခြင်း


10 Oct,2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ကို အသင်းသားများ၏ ငွေစုဆောင်းသည့် အလေ့အကျင့် ပေါ်ပေါက်လာစေရန်၊ အသင်းသားများ ငွေကြေး လိုအပ်သည့်အခါမျှတသော အတိုးနှုန်းဖြင့်ငွေချေးပေးရန်၊ အသင်းသားများ၏ ချွေတာစုဆောင်းမှုကို အားပေးရန်၊ အသင်းသားများ အချင်းချင်းပူးပေါင်းမှုနှင့် ကိုယ့်အားကိုယ်ကိုးစနစ်ကို ကျင့်သုံးလာစေရန်၊ အသင်းသားများ၏ လူမှုရေးနှင့်စီးပွားရေးလုပ်ငန်းများ မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၀၅ ခုနှစ်တွင် အသင်းသား(၅၅)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ်အစုပေါ်အမြတ်ငွေနှင့် လစဉ်စုဆောင်းငွေပေါ် အတိုးငွေများကို အသင်းသားဆရာ၊ ဆရာမ၊ ဝန်ထမ်းများအား ဘဏ္ဍာနှစ်တစ်နှစ်လျှင် နှစ်ကြိမ်ခွဲဝေ ပေးအပ်ခဲ့ပါသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ပထမ ၆ လ) အတွက် အစုပေါ်အမြတ်ငွေ တစ်ဦးလျှင် (၈၀၀၀/-) နှုန်းနှင့် လစဉ်စုဆောင်းငွေပေါ်အတိုးနှုန်း (၈၀) ပြား နှုန်းဖြင့် အသင်းသား (၁၇၉) ဦးအား စုစုပေါင်း ငွေကျပ် (၆,၂၄၆,၆၇၃/-) ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် တက္ကသိုလ် ငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဒေါ်ချိုချိုအောင် (တွဲဖက်ပါမောက္ခ၊ သင်္ချာဌာန)မှ အသင်းဒါရိုက်တာ၊ အဖွဲဝင်များနှင့်အတူ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်