Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်းအကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ


13 Oct,2026

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်းအကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက GIS ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်း အကောင်အထည် ဖော်ရေးမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၈နာရီခွဲ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦး‌မျိုးနိုင်အောင်က  “စီမံကိန်းလက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအား စီမံကိန်း၏ သဘောတရားများကို ထိထိမိမိ နားလည်သဘောပေါက်ပြီး စီမံကိန်းရည်မှန်းချက်များ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်၊ မြေပြင်က အခက်အခဲများကို သိရှိပြီး  ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်၊ တိုင်းဒေသကြီးနှင့် ခရိုင်များအနေဖြင့် လိုအပ်ပါက ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြား သည်။

အခမ်းအနားသို့ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ(၅၈)ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး အဆိုပါသင်တန်းကို အောက်တိုဘာလ ၁၀ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့ထိ သုံးရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချ‌ပေးမည် ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်