Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


13 Oct,2026

 ရန်ကုန် အောက်တိုဘာ ၁၂

       တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ကျေးလက်လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)နှင့် မှော်ဘီခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)တို့က တိုက်ကြီးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးရာ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန်မှာကြားကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်