မြစ်ကြီးနား အောက်တိုဘာ ၁၃
ကချင်ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်သည် သက်ဆိုင်ရာ တာဝန်ရှိ သူများ၊ တောင်သူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ်သမဝါယမအသင်းလီမိတက် အသင်းသားများ၏ မိုးစပါးစိုက်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာရှိ ငါးအိုးစိုက်ပျိုးရေး နှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားများ ပိုင်ဆိုင်သော ပမ္မတီး ရပ်ကွက်၊ အနောက်မြောက်ကွင်းရှိ အသင်းသား ဦးချစ်ရွှေ၏ လယ် ၂၁ ဧကနှင့် တူးရိန် ကွင်းရှိ အသင်းသားတောင်သူများ၏ မိုးစပါး (၁၉၆) ဧက စိုက်ပျိုးထားမှုနှင့် အောင်နိုင်တိုး မျိုးစပါး အောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်