စဉ့်ကိုင် အောက်တိုဘာ ၁၁
ကျေးလက်လမ်းဖွံ့ဖြိုးရေးနဦးစီးဌာနက စဉ့်ကိုင်မြို့နယ်ရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၆-၂၁၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၄၃ ဒသမ ၃၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ဆယ့်နှစ်ကိုင်း - မြောက်ကိုင်း - စိတ္တရ ကျေးရွာချင်းဆက်လမ်း ဆိုးရွားစွာ ပျက်စီးသွားသော ကတ္တရာလမ်း ပိုင်းအား ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန် ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညွှန်ကြားရေးမှူးက ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာ၌ သတ်မှတ်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်စွာ ရရှိစေရန် အထူးဂရုစိုက် ဆောင်ရွက်သွားရန်နှင့် လျာထားလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး အလေးထား လုပ်ဆောင်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်