ဝါးခယ်မမြို့နယ် အရှေ့စုကျေးရွာ၌ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
*********************************
ဝါးခယ်မ ၊ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေများတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ ဝါးခယ်မမြို့နယ်၊ အရှေ့စုကျေးရွာ၌ မြစိမ်းရောင်စီမံ ကိန်းဖြင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို အောက်တိုဘာ ၁၂ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုနှင့် ဝါးခယ်မမြို့နယ်မှ စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် များနှင့်အတူ အရှေ့စုကျေးရွာ၌ မြစိမ်းရောင် စီမံကိန်းရန်ပုံငွေများဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လအလိုက် ဖြည့်သွင်းရသည့် စာရင်းဇယားများ ပြည့်စုံမှု ရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်ပြီး မိသားစုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးပွားလာစေရန်အတွက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အရှေ့စုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အသင်းသား၊ အသင်းသူ ၇၈ ဦးကို အရင်းမပျောက် လည်ပတ်ရန်ပုံ ငွေကျပ် သိန်းသုံရာအား ထုတ်ချေးထားပြီး တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်