Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်ထိုမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ၏ စိုက်ပျိုးထုတ်လုပ်နေမှုကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


14 Oct,2026

ကျိုက်ထို  အောက်တိုဘာ ၁၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားများ၏ စိုက်ပျိုးထုတ်လုပ်နေမှုကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။       

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ်သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများ၏ အမှုဆောင်များအား သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက စုမြတ်လယ်/ထွေသမဝါယမအသင်းသားများ၏ စိုက်ပျိုး ထားသော စပါးခင်းများကို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်