ပဲခူး အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနတွင် သမဝါယမစနစ်ပီပြင်စွာဖြစ်ပေါ်လာစေရေး ဆွေးနွေးပွဲပြုလုပ်သည်။
ဆွေးနွေးပွဲတွင် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က သမဝါယမစနစ်ပီပြင်စွာ ဖြစ်ပေါ်လာစေရေးနှင့် စံပြသမဝါယမအသင်းများ ပေါ်ပေါက်လာရေးတို့အတွက် ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ စာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်ဆေးခြင်းဆိုင်ရာအကြောင်းအရာများကို ဆွေးနွေး ကြပြီး၊ သမဝါယမအသင်းများအတွက်ပြုပြင်ပြောင်းလဲရန် ဦးတည်ချက် (၅)ရပ်အကြောင်း တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးကြသည်။
အခန်းအနားသို့ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ တိုင်းသမဝါယမအသင်းစုချုပ်ဉက္ကဋ္ဌ၊ တိုင်းဒေကြီးအတွင်းရှိ မြို့နယ် (၂၈)မြို့နယ်မှ ဦးစီးအရာရှိများနှင့် မြို့နယ်သမဝါယမအသင်းစု ဉက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်