ရန်ကုန် အောက်တိုဘာ ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)တံတားတည်ဆောက်ရေးမှ အင်ဂျင်နီယာချုပ် (မြို့ပြ)ဦးကျော်ကျော်ထွေးသည် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ရွှေလှေချောင်-ညောင်ပင်လမ်းမှ အနိုးချောင်းကြီး ရွာအဝင်လမ်းပေါ်ရှိ ၁၂ မီတာ တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းပြီးစီးပါက အကျိုးပြုကျေးရွာ ခြောက်ရွာ၊ အိမ်ခြေ ၁၂၇၆ အိမ်၊ လူဦးရေ ၄၇၅၇ ဦး ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်