မွန် အောက်တိုဘာ ၁၄
မွန်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက အမှာစကားပြောကြားရာတွင် သမဝါယမအသင်းများအား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်၏ အဓိကမောင်းနှင်အားတစ်ခုဖြစ်သည့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နှင့်မြို့ပြနေ အသင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် မျှော်မှန်းချက်ထားရှိဆောင်ရွက်နေတာ တွေ့မြင်ရ ပါကြောင်း၊ ယနေ့အခါမှာ နိုင်ငံတော်သမ္မတကလည်း သမဝါယမလုပ်ငန်းများနှင့် စပ်လျဉ်း၍ အားပေးလျက်ရှိကြောင်း “စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အဓိက နည်းလမ်း(၄)သွယ် ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းကို စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများ တစ်ဦးချင်း၏ အကျိုးကို ပိုမိုဖော်ဆောင်နိုင်ရေးအတွက် မြန်မာ့အစဉ်အလာနှင့် ကိုက်ညီသည့် စုပေါင်းသမဝါယမစနစ်ကို ဖော်ဆောင်ပြီး တောင်သူများစိုက်ပျိုးသည့် စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း” လမ်းညွှန်မှာကြားချက်နှင့်အညီ လိုအပ် သည့် အရင်းအနှီးရရှိရေးအတွက် ပြည်နယ်ဘတ်ဂျတ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် သမဝါယမအသင်းပိုင်ငွေများဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြင်ဆင်သည့် ဥပဒေနှင့် အညီ အသင်းမှုဆောင်များ ပြန်လည်ရွေးချယ်ခြင်းများ ဆောင်ရွက်နေမှုအားသိရှိရ၍ စနစ်တကျ ရွေးချယ်ဆောင်ရွက်နိုင်ရေး တိုက်တွန်းလိုပါကြောင်း၊ သမဝါယမပုံရိပ်ကောင်းများဖြစ်ပေါ်လာ စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိများ၊ မြို့နယ်သမဝါယမအသင်းစုများမှ ဥက္ကဋ္ဌနှင့်အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်