မွန် အောက်တိုဘာ ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပေါင်မြို့နယ်သမဝါယမဦးစီးဌာနမှ အသင်း အမှုဆောင်နှင့် အသင်းဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းကို အသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်း ၃၀ ဦးဖြင့် သင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိရာ သင်တန်းတွင် သမဝါယမသဘောတရားရေးရာများ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ စာရင်းရေး စာရင်းကိုင်နှင့် သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေး သင်ခန်းစာများ သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်