ကော့ကရိတ် အောက်တိုဘာ ၁၃
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေး၀န်ကြီးဌာန ကရင်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများဖွံဖြိုးတိုးတက်ရေး အတွက် ယမန်နေ့နံနက်က ကော့ကရိတ်မြိုနယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ မြိုနယ်သမဝါယမအသင်း အမှုဆောင်များနှင့် အခြေခံသမဝါယမအသင်း အမှုဆောင်များအား သွားရောက်တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်က သမဝါယမစနစ်ပီပြင်စွာ ဖြစ်ပေါ်လာစေရေး အတွက် သမဝါယမအသင်းများ ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်ရမည့်အချက် (၅)ချက်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မိမိတိုဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍လည်းကောင်း၊ သမဝါယမကဏ္ဍအနေဖြင့် ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ထောက်ပံ့ငွေရယူဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပြောကြား ခဲ့သည်။
ထိုနောက် ကော့ကရိတ်မြိုနယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုစန်းက မိမိတို့မြိုနယ် အတွင်း သမဝါယမလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ အသင်း အမှုဆောင်များမှ အသင်း၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး အသင်းသားများ၏ တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
MRTV ဘားအံသတင်းဌာနခွဲ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်