ပြည်သူကိုယ်တိုင်စီမံခန့်ခွဲသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ခရိုင်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
မအူပင် အောက်တိုဘာ ၁၅ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်ကွပ်ကဲမှုအောက်ရှိ မြို့နယ် (၄) မြို့နယ် တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ပြည်သူကိုယ်တိုင်စီမံခန့်ခွဲသော ကျေးရွာဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစီမံကိန်း (VDP) ခရိုင်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားအား အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည် ။
ရှေးဦးစွာ မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး မှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်နှင့် ကျေးရွာများ၏ အဓိက လိုအပ်ချက်များကို ပြည်သူများကိုယ်တိုင် ဖော်ထုတ်ခြင်း ၊ ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (AVIP) ရေးဆွဲခြင်း နှင့် ပြည်သူကိုယ်တိုင်စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအဖွဲ့က ဆောင်ရွက်နိုင်သည့်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သည် အလွန်အရေးပါကြောင်း ၊ မိမိတို့ခရိုင်အတွင်း ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ၏ အားသာချက် ၊ အားနည်းချက် ၊ အခက်အခဲများကို ဖော်ထုတ်ဆွေးနွေးပြီး ပိုမိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်နိုင်ရေး ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြကြရန် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးများမှ ၂၀၂၆-၂၀၂၇ ခု ၊ ဘဏ္ဍာရေးနှစ် မိမိတို့မြို့နယ်အလိုက် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းကျေးရွာများတွင် ကျေးရွာအလိုက် လိုအပ်ချက်များ အပေါ်မူတည်၍ ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲခဲ့မှု ၊ စီမံကိန်းရန်ပုံငွေများဖြင့် လမ်း ၊ ရွာတွင်းလမ်း ၊ ရေရှိရေးလုပ်ငန်း ၊ မီးလင်းရေးလုပ်ငန်းစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြပါသည်။
အဆိုပါ ဆန်းစစ်သုံးသပ်ပွဲသို့ ခရိုင်ဦးစီးမှူး ၊ မြိုနယ်ဦးစီးမှူး ၊ စီမံကိန်းတာဝန်ခံများနှင့် ဌာနဝန်ထမ်း များ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် မအူပင်ခရိုင်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေးနှင့် လူမှုရေးကိစ္စရပ်များအား ရာသီမရွေး ဆောင်ရွက်နိုင်သည့်အတွက်ကြောင့် ကျေးရွာများမှ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်