ကော့ကရိတ် အောက်တိုဘာ ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်သည် တာဝန်ရှိသူများနှင့်အတူ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ယမန်နေ့နံနက်တွင် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံသမဝါယမ အသင်းအမှုဆောင်များအား သွားရောက်တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်က သမဝါယမစနစ်ပီပြင်စွာဖြစ်ပေါ်လာစေ ရေးအတွက် သမဝါယမအသင်းများ ပြုပြင်ပြောင်းလဲရန်ဆောင်ရွက်ရမည့်အချက် (၅)ချက်၊ မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ သမဝါယမကဏ္ဍအနေဖြင့် ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေရယူ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကော့ကရိတ်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီအရာရှိ ဒေါ်ချိုချိုစန်းက မိမိတို့ မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ အသင်းအမှုဆောင်များမှ အသင်း၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူက လိုအပ်သည်များမှာကြားခဲ့ပြီး အသင်းသားများ၏ တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်