Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် စံပြကျေးရွာ၌ ကွန်ကရစ်လမ််းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


16 Oct,2026

တောင်တွင်းကြီးမြို့နယ်  စံပြကျေးရွာ၌ ကွန်ကရစ်လမ််းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

တောင်တွင်းကြီး၊အောက်တိုဘာ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင်တောင်တွင်းကြီးမြို့နယ် စံပြကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုယနေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးကျော်ဆန်းဌေး၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းကျော်ကျော်မျိုး နှင့် (VDP) စီမံကိန်းတာဝန်ခံဝန်ထမ်းများက ၂၀၂၆- ၂၀၂၇ခုဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ် ၁၅၀သိန်းနှင့် ကျေးရွာနေပြည်သူလူထုထည့်ဝင်ငွေကျပ် ၆၀သိန်း၊ စုစုပေါင်းငွေကျပ် ၂၁၀သိန်းဖြင့် စံပြကျေးရွာတွင်အရှည်ပေ ၅၀၀ ၊အကျယ်၁၂ ပေ၊အမြင့်ခြောက် လက်မထုအတိုင်းအတာရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုများဖြင့်ကျေးရွာနေပြည်သူလူထုကိုယ်တိုင်‌ယခုလ ပထမပတ်မှစတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီးခရိုင်ဦးစီးမှူးဦးကျော်ဆန်းဌေး က လုပ်ငန်းများသတ်မှတ်ရက်အတွင်းအချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက စံပြကျေးရွာတွင်နေထိုင်ကြသော ကျေးရွာသူ၊ကျေးရွာသားများ ရာသီမရွေးသွားလာရလွယ်ကူလာမည်ဖြစ်ပြီးလူမှုရေး၊ကျန်းမာရေးနှင့်စီးပွားရေးလုပ်ငန်းများတွင်လည်း အကျိုးပြုသွားမည်ဖြစ် ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
                                               နွဲ့ယဉ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်