ကွမ်းခြံကုန်းမြို့နယ် ပြည်တော်သာကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ သတ္တမအကြိမ်မြောက်ထုတ်ချေး
*******************************
ကွမ်းခြံကုန်း ၊ အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်း များဆောင်ရွက်ရန် အရင်းအနှီးများရရှိပြီး ဆင်းရဲမှုနှုန်းလျော့ကျနိုင်ရန်အတွက် ပြည်တော်သာ ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ချေးငွေ သတ္တမအကြိမ်မြောက် ထုတ်ချေးပေးခြင်း ကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ စုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းက ရန်ပုံငွေထုတ်ချေးရာတွင် လိုက်နာရန်စည်းကမ်း များ၊ အတိုးနှုန်းနှင့် အရင်း အတိုး ပေးဆပ်ရန် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးက ကျေးရွာမတည်ရန်ပုံငွေကျပ်သိန်း ၄၄၀ ကို ပြည်တော်သာကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၁၀ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၉၀ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂၀ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၂၀ ဦး စုစုပေါင်း စီမံကိန်း အသင်းသူ အသင်းသား ၂၄၀ ဦးအား ငွေကျပ် သိန်း ၄၄၀ ကို အတိုးနှုန်းသက်သာစွာဖြင့် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း ကွမ်းခြံကုန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်