Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်္ဂပူမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


19 Oct,2026

အင်္ဂပူ အောက်တိုဘာ ၁၇

       ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး/ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အောက်တိုဘာ ၁၅ ရက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

      ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ပဆင-မယင်းကုန်း-ကြပ်ခေါင်းလမ်း မြေသားတာပေါင်ချဲ့ ခြင်း၊ ကျောက်ချောခင်းခြင်းလုပ်ငန်းနှင့် ပဆင - ဆုံကုန်း - ထန်းပင်ကန်လမ်း ကွန်ကရစ်လမ်းဆောင်ရွက်နေမှုတို့ကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဒေါ်တင်တင်မိုးက ရှင်းလင်းတင်ပြပြီး (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ)က သတ်မှတ်အရည်အသွေးနှင့် အချိန်မီပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်